Thursday, August 21, 2014

အရူးအမူး ချစ်ကြိုက်မိတဲ့ ကောင်မလေးရဲ့ ပုံတူနဲ့ နာမည်ကို တစ်ကိုယ်လုံး တက်တူးထိုးထားတဲ့ Ramirez


အသက်(၂၃) အရွယ် Gabriel Ramirez က သူလိုက်နေတဲ့ ကောင်မလေးရဲ့ပုံ၊ နာမည် စတာတွေကို သူ့ကိုယ်လုံးအပြည့် တက်တူးထိုးပြီး သူရဲ့အချစ်ကို ဖော်ပြလိုက်ပါတယ်။

Ramirez က ကောင်မလေးအိမ်ကို အမြဲတမ်းဖုန်းခေါ်ဆိုတတ်တဲ့အပြင် အလည်သွားရောက်ဖို့ ကြိုးစားခဲ့တာတွေ၊ သူ့မရဲ့ မွေးနေ့မှာ ပန်းလေးတွေ ပေးပို့ခဲ့တာတွေလည်း ပြုလုပ်ဖူးသူပါ။ အထူးခြားဆုံးကတော့ သူရဲ့ကိုယ်ပေါ်မှာ အဲ့ဒီကောင်မလေးရဲ့ မွေးနေ့၊မွေးရက်၊ နေရပ်လိပ်စာနဲ့ အခြားသော ကိုယ်ရေးအချက်အလက်တွေကို တက်တူးထိုးထားခဲ့ပြီး တက်တူး ၁၂မှာ ၁၁ခုက ကောင်မလေးနဲ့ ပတ်သက်တဲ့အရာတွေချည်းပါပဲ။
Tattoo တွေကို ဆေးသုံးစွဲခဲ့စဉ် အချိန်တုန်းက ထိုးခဲ့တာဖြစ်ပြီး ဒီ့အတွက် အခုနောင်တရမိတယ်လို့ Ramirez က တရားခုံရုံးမှာ ဖွင့်ပာခဲ့ပါတယ်။ ဒါ့အပြင် ကိုကိန်း၊ ဘိန်းဖြူ၊  ဆေးခြောက်နဲ့ ဘီယာ စတဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီးချိန်မှာ စိတ်မထိန်းနိုင်လို့ ကောင်မလေးရဲ့အိမ်ကို ရောက်ချလာပြီး သူမဖခင်ကို သေနတ်နဲ့ ပစ်မိခဲ့တဲ့အဖြစ်ကလည်း တကယ့်ကို ပါးစပ်အဟောင်းသား ဖြစ်စေတဲ့အချက်ပါ။
လက်ရှိမှာ Ramirez ဟာ ထောင်ဒဏ် အနှစ် (၂၀) ကျခံနေရပြီး သူနေထိုင်တဲ့ ထောင်ထဲကနေ  ကောင်မလေး သာမက သူမရဲ့မိဘတွေကို စာတွေရေးပို့ပေးခြင်းအားဖြင့် အဆက်အသွယ်လုပ်ဖို့ ကြိုးစားလျက်ရှိပါတယ်။ Ramirez က သူ့အပြုအမူဟာ ကြောက်လန့်တုန်လှုပ်စရာကောင်းတဲ့ အပြုအမူဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့အခါ သူရဲ့ရှေ့နေချုပ်က အမှုကိုလျော့ပေါ့ပေးလိုက်ပါတယ်။
Source: cosmopolitan

No comments:

Post a Comment