Amou
Hadji ဟာ အနှစ် (၆၀) ကြာရေမချိုးပဲ နေခဲ့တယ်ဆိုတဲ့ အကြောင်းကြောင့်
လူသိများ လာခဲ့တာဖြစ်ပါတယ်။ ဒီ အသက် (၈၀) အရွယ် အီရန်အမျိုးသားရဲ့
ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်တဲ့အကြောင်းအရာကို အသေးစိတ်မှတ်တမ်း
တင်နိုင်ဖို့အတွက် သူက ထိုင်ပြီး အရိုက်ခံခဲ့ပါတယ်။
Hanji ရဲ့ ခန္ဓာကိုယ်တွင်အနံ့ဟာ တော်တော်ဆိုးနေပြီး သူ့အရေပြားကလည်း ကြမ်းတမ်းမာတောင့်လို့ နေပါတယ်။ Hadji က အိုးအိမ်မဲ့သူဖြစ်ပြီး ထမင်းစားဖို့ (သို့) သန့်ရှင်းတဲ့ရေကို သောက်ဖို့ ငြင်းဆိုပါတယ်။ သူ့ရဲ့ အကြိုက်ဆုံး အစားအစာက ဖြူ ကောင်အသေတွေဖြစ်ပြီး တိရိစ္ဆာန်တွေရဲ့မစင်တွေ ထည့်ထားတဲ့ ဆေးတံကို ပုံမှန်သောက်ပါတယ်။ ကမ္ဘာမြေကြီးရဲ့ ဓာတ်သဘောသဘာဝနဲ့ ထိတွေ့နေအောင် ဒီလို လူနေမှုဘဝပုံစံကို နေထိုင်ဖို့ သူကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
နောက်ဆုံးမှတ်တမ်းမှတ်ချက်အရ အချိန်အကြာဆုံး ရေမချိုးဘဲ နေထိုင်ခဲ့တဲ့သူဟာ အသက် (၆၆) နှစ်အရွယ် အိန္ဒိယအမျိုးသားတစ်ဦး Kailash Singh ဆိုသူဖြစ်ပြီး သူဟာ (၃၈) နှစ်ကြာရေမချိုးဘဲ နေထိုင်ခဲ့သူဖြစ်ပါတယ်။ Amau Haji နဲ့ ပတ်သက်တဲ့ နောက်ထပ်တစ်ချက်က သူ့ရဲ့ ဘဝနေထိုင်မှုနောက်ကြောင်းကို ပြန်ကြည့်တဲ့အခါ လူငယ်တစ်ယောက်ဖြစ်တဲ့ အချိန်က စိတ်ပိုင်းဆိုင်ရာ ချိုးယွင်းချက်တွေရှိခဲ့ပြီး အဲဒီအချိန်ကနေစပြီး ဘဝကို တသီးတခြား နေထိုင်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ သူ့ကို အတင်းအရေချိုးပေးခဲ့တဲ့ လူငယ်တချို့ရဲ့ လက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်ပြီး သန့်ရှင်းရေးလုပ်ခြင်းဟာ သူ့အတွက် နေ့မကောင်း ဖြစ်စေတယ်လို့ လည်း ယုံကြည်ထားပါတယ်။
Source: worldobserveronline

No comments:
Post a Comment