Showing posts with label ပရလောက. Show all posts
Showing posts with label ပရလောက. Show all posts

Monday, July 14, 2014

သရဲကို မယုံလို့ လောင်းကြေးထပ်မိသူတစ်ဦး ကြုံခဲ့ရတဲ့ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်ကြီး


"သရဲဆိုတာ တစ်ကယ်မရှိပါဘူးကွာ…."

"မင်းက မကြုံဖူးသေးတော့ ဘယ်ယုံပါ့မလဲ..၊ လက်တွေ့ဆိုရင် မင်းယုံသွားလိမ့်မယ်.."

Friday, July 11, 2014

ဆိုင်ကယ်မှောက်ပြီးအစိမ်းသေခဲ့ရတဲ့ သနားစရာ ချစ်သူစုံတွဲသရဲ



ကျွန်တော်တို့ အိမ်မှာ ဆွေရိပ် မျိုးရိပ်မကင်းတဲ့ အဒေါ်ကြီးတစ်ယောက်ကို အမေ က အိမ်မှာ ခေါ်ခိုင်းတယ်ဗျာ အဲ့ အဒေါ်ကြီးက သန်လျှင် နတ်စင်တစ်ရာဘက်ကနေ အလုပ်လာလုပ်တာ။

ကျွန်တော် ထင်တယ် လွန်ခဲ့တဲ့ ၁၀ လလောက်ဖြစ်မယ် အဲ့နေ့က ကျွန်တော်က အိမ်အောက်ထပ် ဆင်းပြီး ဂျာနယ်ဖတ်နေတုန်း သူက ကျွန်တော့်ကို စကားလာပြောတယ် (ကျွန်တော် သရဲအကြောင်း စိတ်ဝင်စားတယ်ဆိုတာကို အဲ့အဒေါ်ကြီးကသိတယ်လေ)

ကြက်ရိုးကျွေးမယ်လာခဲ့လို့ စနောက်ပြီးခေါ်ရာမှ တကယ်ရောက်လာတဲ့ ထမီရင်လျားနဲ့ သရဲမ(သရဲဇာတ်လမ်း)


တက္ကသိုလ်ကျောင်းတော်သားဘ၀မှာ ပထမနှစ်မှာတင် အဆောင်သုံးဆောင်ပြောင်းခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အဆောင်ရှင်တွေနဲ့ မတည့်လို့ပါပဲ။ ဒုတိယနှစ်အရောက်မှာတော့ အဆောင်နေဖို့မကြိုးစားတော့ပဲ လုံးချင်းအိမ်လေးတလုံးငှားနေဖို့ဆုံးဖြတ်ပြီး အိမ်အရှာထွက်ရင်းက လုံးချင်းတိုက်လေးတလုံးငှားဖြစ်သွားရောဆိုပါတော့။ ငှားဖြစ်သွားတယ်ဆိုပေမယ့် သာမန်ထက်ထူးခြားတာလေးတခုတော့ ကြုံလိုက်ရပါတယ်။ တချို့ တချို့သော အိမ်ရှင်တွေလို ဒီအိမ်က စီးပွားတက်တယ်၊ လာဘ်ကောင်းတယ် အစရှိတဲ့ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောတတ်ကြတဲ့ အိမ်ရှင်တွေရဲ့ ကိုယ့်အိမ်ကို ချီးမွမ်းထောပနာသံမျိုးမကြားရပဲ " ဒီအိမ်မှာ အစောင့်အရှောက်ရှိတယ်။ မဟုတ်တာ မကောင်းတာ လုပ်တာကိုမပြောနဲ့.. ပေါက်တတ်ကရတွေ ပြောဆိုလို့တောင် မရဘူးနော် " လို့ အိမ်ရှင်အိမ်ငှား စာချုပ်မချုပ်ခင်မှာ အသေအချာ မှာလိုက်ခြင်းပါပဲ။

Wednesday, July 9, 2014

အမေရိကန်မှ တစ္ဆေသရဲများ လိင်ဆက်ဆံသည်ကို ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့


အ​မေရိကန်တွင် တ​​စ္ဆေသရဲများ​​ လိင်ဆက်ဆံ​​နေသည်ဟု ယူဆရသည့်​​ ထူး​​ခြား​​​သော ဓာတ်ပုံတစ်ပုံကို ရိုက်ယူမိခဲ့​​​ကြောင်း​​ သိရှိရသည်။ အိုဟိုင်အိုတွင် ​​နေထိုင်​​သော ဒိုင်ယာနီ ကာလက်စလီက သူမ၏ ​​မြေး​​မ​​လေး​​ ရိုက်ယူခဲ့​​​သော

Monday, July 7, 2014

" စမ်းတော့လည်း ကြမ်းပြလေတဲ့ အိမ်"



တက္ကသိုလ်ကျောင်းတော်သားဘ၀မှာ ပထမနှစ်မှာတင် အဆောင်သုံးဆောင်ပြောင်းခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အဆောင်ရှင်တွေနဲ့ မတည့်လို့ပါပဲ။ ဒုတိယနှစ်အရောက်မှာတော့ အဆောင်နေဖို့မကြိုးစားတော့ပဲ လုံးချင်းအိမ်လေးတလုံးငှားနေဖို့ဆုံးဖြတ်ပြီး အိမ်အရှာထွက်ရင်းက လုံးချင်းတိုက်လေးတလုံးငှားဖြစ်သွားရောဆိုပါတော့။ ငှားဖြစ်သွားတယ်ဆိုပေမယ့်

ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်ပါ။


အိန္ဒိယနိုင်ငံက ရာချီမြို့တွင် လွန်ခဲ့သော တစ်လခန့်က ကွယ်လွန်သွားတဲ့ ကောလိပ်ကျောင်းသူလေး တစ်ယောက်ရဲ့ ခြောက်ခြား စရာဖြစ်ရပ်ပါ။

သူမနာမည်က saba ဖြစ်ပြီး ထရပ်ကားတစ်စီး တိုက်မိပြီး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

saba ဟာ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှာအချိန်ပိုင်း အလုပ်လုပ်ပါတယ်။ သူမမှာ shahrukh ဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။
သိပ်ချစ်ကြတဲ့ သူတို့ဟာ ဖုန်းပြောရင်လည်း နာရီနဲ့ချီပြီး ကြာပါတယ်။ saba ကို ဘယ်အချိန်ကြည့်ကြည့် ဖုန်းတစ်လုံးနဲ့ တတွတ်တွတ်ပြောနေတာပါပဲ။
shahrukh ကို သူမမိဘတွေကလည်း သဘောတူကြည်ဖြူပြီး အလွန်လဲ ခင်မင်ရင်းနှီးကြပါတယ်။
saba ဟာ မသေဆုံးခင်က သူငယ်ချင်းတွေနဲ့ မိဘတွေကို သူမသေသွားခဲ့ရင် သူမရဲ့ ဖုန်းကိုပါ တပါတည်း သူမအခေါင်းထဲ ထည့်ပေးလိုက်ဖို့ မှာခဲ့ပါတယ်။

Pee Mak အချစ်ဇာတ်လမ်း၏သမိုင်းကြောင်း ( ထိုင်းသရဲမလေး )


Pee Mak အချစ်ဇာတ်လမ်း၏သမိုင်းကြောင်း 

Pee mak phra khanong ဖိမာ့က်ဖရာ့ခနွန်င်

၁၉ရာစု အဦးပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာပေါ်အခြေခံပီး အစဉ်အဆက် ပါးစပ်ရာဇဝင်လေးတခုကနေ ဒေသဆွဲရိုးရာယုံကြည်မှုကနေ လူသိများခဲ့တဲ့ ထိုင်းသရဲမလေး မဲ့နာ့က်/မဲ့နတ်/အမေနတ် အကြောင်းလေးပေါ့
ထိုင်းရိုးရာအရ ထိုင်းဘုရင် မောင်းကုတ်/မွန်ကွတ် လက်ထက်မှာ ဖြစ်ပွါးခဲ့တဲ့အဖြစ်အပျက်လေးတခုလို့ဆိုပါတယ် ဘန်ကောက်၊ ဖရာ့ခနွန်င် ဒေသမှာနေထိုင်တဲ့ နာ့က် (Nak) ဆိုသောမိန်းမလှလေးတယောက်က သူ့ချစ်ပွန်း မာ့က် ( Mak ) အပေါ်မှာထားရှိတဲ့အဆုံးမဲ့ချစ်ခြင်းတွေပေါ်အခြေခံပီး ဖြစ်ပေါ်လာခဲ့တဲ့ ချစ်ဇာတ်လမ်းလေးတပုဒ်
မိန်းမလှလေး နာ့က်က ချစ်ခင်ပွန်း မာ့က်ရဲ့ရင်သွေးလေး လွယ်ထားရချိန်မှာ မာ့က်ဟာစစ်မှုထမ်းရန်အကြောင်းဖန်လာခဲ့ပါတယ် ( လွယ်လွယ်ပြောရင် ပေါ်တာဆွဲခံရတယ်ပေါ့ )
ရှေ့တန်းစစ်မျက်ကိုအပို့ခံခဲ့ရပါတယ် ( တချို့ဇာတ်ကြောင်းတွေမှာတော့ ရှမ်းလူမျိုးတွေနဲ့ဖြစ်တဲ့စစ်ပွဲလို့ဖော်ပြထားပါတယ် ) စစ်ပွဲမှာပဲ မာ့က်ဟာဒါဏ်ရာပြင်းထန်စွာရခဲ့တဲ့အတွက်ကြောင့် ဒါဏ်ရာကုသရန် ဘန်ကောက်ကိုပို့ဆောင်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ မာ့က်ရဲ့ချစ်ဇနီး နာ့က် ဟာကလေးမီးဖွားရင်း မွေးဖွားရခက်ခဲမှုကြောင့် ကလေးရောမိခင်ပါ မီးတွင်းထဲမှာဆုံးပါးခဲ့ပါတယ် ဒါပေမဲ့ မာ့က်အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့ချစ်ဇနီးနဲ့သူ့ရင်သွေးလေးဟာသူ့ကိုစောင့်မျှော်နေတာတွေ့ရပါတယ် ဒါကိုအကြောင်းအရင်းအလုံးစုံသိတဲ့အိမ်နီးချင်းတွေက မာ့က်ကိုပြောဆိုသတိပေးဖို့ကြိုးစားသူတိုင်းအသတ်ခံခဲ့ရပါတယ် 
တရက်သောနေ့မှာတော့ သံယောဇဉ်ကြီးမားတဲ့ သူရဲမလေး နာ့က်က သူ့ချစ်ခင်ပွန်းအတွက် nam Prik ( မြန်မာလိုဆို ငရုတ်သီးထောင်း ခေါ်မလား ငရုတ်သီးဖျော်ခေါ်မလားတော့မသိပါ ) လုပ်နေတုန်း သံပရာသီးလုံးလေးက ထွက်ကျသွားခဲ့တယ် ဒါကို သရဲမလေးကလည်း ခပ်သွက်သွက် ( ဘယ်သူ့မှမမြင်လောက်ပါဘူးဆိုတဲ့အထာနဲ့နေမှာပေါ့ ) သူ့လက်ကိုအရှည်ကြီးဆန့်ထုတ်ပီး မြေကြီးပေါ်ကနေကောက်ယူလိုက်ပါတယ် ဒါကို အမှတ်မထင်မမျှော်လင့်ပဲ သူ့ချစ်ခင်ပွန်း မာ့က်ကမြင်တွေ့လိုက်ခဲ့တယ် မာ့က်လည်းမျက်ဝါးထင်ထင်မြင်လိုက်ရတော့ ဇောချွေးတွေပြန် ထူပူကြောက်လန့်ပီး သူ့ဇနီးဟာ သရဲမလေးဖြစ်နေတယ်ဆိုတာကို လက်တွေ့သိလိုက်ရတယ် မာ့က်ကကြောက်လန့်တုန်လှုပ်လွန်းပီး သူ့ဇနီးသရဲမလေးမသိအောင်ဟိုး--အဝေးကိုထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ် ထိုညအိပ်နေရာမှ မာ့က်ကအောက်ထပ်ဆင်း သေးသွားပေါက်အုံးမယ်လို့ သူ့ဇနီးသရဲမလေးကို လိမ်ညာပြောပီး တချိုးတည်း သုတ်ခြေတင် ညမှောင်ထဲကိုပြေးတော့တာပဲ 
ဒါကိုသရဲမလေးကသိသွားတော့ သူ့ခင်ပွန်းကို ညတွင်းချင်းလိုက်ပီး ရှာတော့တာပါပဲ မာ့က်ကသူ့ဇနီးသူရဲမလေးကိုလည်းမြင်ရော နတ်(ထိုင်း )ဖုမ္မသိမ်း(မြန်မာ) ( Blumea balsamifera)ပင်ချုံပုတ်နောက်မှာဖုံးကွယ်ပုန်းနေရှာပါတယ် ပါးစပ်ပြောအရပ်ပြောအရ သရဲတွေကဖုမ္မသိမ်းပင်အစေးကိုကြောက်ကြတယ်လို့ဆိုပါတယ် ထို့နောက် မာ့က်က ဝါက်မဟာဘုဒ် ( Wat Mahabut )ဘုရားကျောင်းကိုပြေးပါလေတော့တယ် ထိုဘုရားကျောင်းကသရဲတွေမဝင်နိုင်ဘူး တန်ခိုးကြီးမားလွန်းပါတယ်တဲ့---------

ဖိမာ့က်ဖရာ့ခနွန်င်ဒေသလေးမှာတော့ သရဲမလေး နာ့က်ဟာ သူ့ရဲ့ဝမ်းနည်းပေါက်ကွဲကြေကွဲ မကျေနပ်မှုတွေကို ထိုဒေသခံတွေအပေါ်မှာ ခြောက်လှန့်ပြုစားသောင်းကြမ်းရင်း လက်စားခြေ ခဲ့ပါတယ် သူမဟာ သူ့ခင်ပွန်းစွန့်ခွါသွားခြင်းက ဒီဒေသကလူတွေကြောင့်လို့ပဲထင်မှတ်ခဲ့ပါတယ် 
ဒါပေမဲ့ သရဲမလေးနာ့က်ဟာ နောက်ဆုံးမှာ သရဲဖမ်းဆရာတွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ် သူမကို သရဲဖမ်းဆရာတွေက ရွှံ့မီးဖုတ်ခရားထဲထည့်ပီး ဖိမာ့က်ဖရာ့ခနွန်င်တူးမြောင်းထဲမျှောခဲ့ပါတယ် 
တခြားအဆိုများအရကလည်း တနေ့မှာ ငါးဖမ်းတံငါသည်အိုဇနီးမောင်နှံက ထိုသရဲမလေးပိတ်လှောင်ခံထားရတဲ့ခရားကို ဆယ်မိရာမှ ခရားအဖုံး ဖွင့်လိုက်တဲ့အတွက်သရဲမလေးဟာ လွတ်မြောက်သွားခဲ့ပါတယ်တဲ့ 
တချို့ကလည်းထိုသရဲမလေးဟာ တန်ခိုးကြီးဘုန်းတော်ကြီးတပါးကဖမ်းဆီးပီး သူမရဲ့ဝိညာဉ်ကို သူမဦးခေါင်းခွံနဲ့မံပီး ထိုဘုန်းတော်ကြီးရဲ့သင်းပိုင်နဲ့စည်းထားခဲ့ပါတယ် သမိုင်းများအဆိုရထိုသင်းပိုင်ဟာ ထိုင်းတော်ဝင်မိသားစုတွေလက်ထဲမှာလို့ဆိုပါတယ် 
တချို့ကလည်းထိုဘုန်းတော်ကြီးကသရဲမလေးကို နောက်ဘဝမှာသူမရဲ့ချစ်ခင်ပွန်းနဲ့ပြန်လည်စုံစည်းပေါင်းသင်းရန်ဆုမွန်ကောင်းတောင်းစီမံပေးလိုက်တဲ့အတွက် သရဲဘဝမှကျွတ်လွတ်သွားတယ်လည်းဆိုကြပြန်ပါတယ် 
ဘယ်သူတွေဘယ်လိုပြောပြော ဘယ်လိုရေးရေး မဲ့နာ့က်/မဲ့နတ်/အမေနတ်ရဲ့ သူ့ခင်ပွန်းအပေါ်ထားရှိတဲ့ အဆုံးမဲ့ချစ်ခြင်းအကြောင်းအရာလေးကတော့ ကြီးကြီးငယ်ငယ် အသက်အရွယ်အားလုံးကြားမှာ ပြောစမှတ်တွင်ထင်ကျန်ရစ်ခဲ့တာပါပဲ 
သူမရဲ့နတ်ကွန်းအဆောက်အဦးကိုတော့ ဝါက်မဟာဘုဒ် ( Wat Mahabut )ဘုရားကျောင်းထဲမှာ ထားရှိခဲ့ပါတယ် ၁၉၉၇ခုနှစ်မှာတော့ သူမရဲ့နတ်ကွန်းကို Suan Luang (Prakhanong)ဒေသကိုပြောင်းရွှေ့ခဲ့ပါတယ် 
ယနေ့အချိန်အထိ ထိုဒေသလေးမှာ မဲ့နာ့က်နတ်ကွန်းကို ရိုးရာအစွဲအလမ်းယုံကြည်မှုအဖြစ်ကိုးကွယ်နေကြဆဲပါ ထိုနတ်ကွန်းမှ မဲ့နာ့က်နဲ့သူ့ရင်သွေးရုပ်ထုရှေ့မှာဆုတောင်းပူဇော်ပသရင်ပြည်တယ်လို့ယုံကြည်ကြဆဲပါ အထူးသဖြင့်အမျိုးသမီးများအား မီးဖွားရလွယ်ကူအောင် / ပေါ်တာဆွဲစစ်မှုထမ်းခြင်းမှသူတို့ခင်ပွန်းများလွတ်ကင်းအောင် စတဲ့ ရိုးရာယုံကြည်မှုတွေနဲ့ နတ်ကွန်းနောက်ကညောင်ပင်မှာ ရောင်စုံအဝတ်များပတ်လှူ၍သော်လည်းကောင်း သစ်သီးများ ကြာပန်းများ အမွှေးတိုင်များဖြင့်ပူဇော်ပသနေကြဆဲပါ ဒါ့အပြင် ဖိမာ့က်ဖရာ့ခနွန်င်တူးမြောင်းထဲကို ဘေးမဲ့ငါးများလွှတ်ခြင်း ကြာပန်းကြာဖူးများမျှောခြင်းအစရှိသဖြင့်မိမိယုံကြည်ရာအလိုက် ကိုးကွယ်ပူဇော်ပသဆုတောင်းကြဆဲပါတဲ့----------------------------ဇွဲပိုင်မှူး ( ၁၄၂၁နာရီ မေ၃၀ )
( မှတ်ချက်။ ။ အမှားများပါရှိပါကလည်းခွင့်လွှတ်စေချင်ပါသည် ထိုင်းစကားထိုင်းစာတလုံးမျှမသိသောကြောင့်အခေါ်အဝေါ်များချို့ယွင်းချက်ရှိပါကသည်းခံဖတ်၍အမှန်ပြင်ပေးနိုင်ပါတယ်ခင်ဗျာ မြန်မာမှသူငယ်ချင်းများစတေးတပ်တွေတင်ကြလွန်းလို့ ကိုယ်မကြည့်ရသေးသော်ငြား ရှာကြံဖတ်ကြည့်ရာမှ Wikipedia အားကိုးကား၍ဘာသာတတ်သလောက်လေးပြန်ရေးသားခြင်းဖြစ်ပါသည် )
 
Credit: Zwepai Mhu

Pee Mak မှာ ထိုအချစ်ဇာတ်လမ်း၏ ၃၃ခါမြောက်ပြန်ရိုက်သော ဇာတ်ကားဖြစ်သည်.. Pee Mak ရှေ့တွင် ဇာတ်လမ်းဆင်တူအများအပြားထွက်ခဲ့ဖူးသည်..

Pee mak phra khanong

၁၉ရာစု အဦးပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာပေါ်အခြေခံပီး အစဉ်အဆက် ပါးစပ်ရာဇဝင်လေးတခုကနေ ဒေသဆွဲရိုးရာယုံကြည်မှုကနေ လူသိများခဲ့တဲ့ ထိုင်းသရဲမလေး မဲ့နာ့က်/မဲ့နတ်/အမေနတ် အကြောင်းလေးပေါ့

သရဲ ကားထက်ကြောက်စရာကောင်း


လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံး
နိုင်ငံတစ်ခု၏ မြို့တော်ကြီးအစွန်းအဖျားက တရုတ်သင်္ချိုင်းကုန်းမှာ
တရားမ၀င် နေထိုင်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံမှ တိုင်းရင်းသား
အလုပ်သမားအုပ်စု တစ်အုပ်စု ရှိခဲ့ဖူးပါတယ်။ သူတို့က တရုတ်သင်္ချိုင်းရှိ
အုတ်ဂူတွေ ဆေးသုတ်တာတို့၊ မြက်ခင်းတွေ ပြုပြင်တာတို့၊ ပန်းပင်တွေ
အလှအပ မွမ်းမံတာတို့ လုပ်ရပါတယ်။