Monday, August 4, 2014

အိန္ဒိယတွင် ဖားနှစ်ကောင်အား ၆ နာရီကြာ လက်ထပ်မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့

အိန္ဒိယနိုင်ငံမှာ ကုန်းနေရေနေသတ္တ၀ါ နှစ်ကောင်ကို လက်ထပ်ပေးတဲ့ ၆နာရီကြာတဲ့ မင်္ဂလာအခမ်းအနားကို ကြည့်ရှုဖို့အတွက် ဧည့်ပရိသတ် ၁ ထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဖား၂ကောင်ကို အထူးစီစဉ်ချုပ်လုပ်ထားတဲ့ အ၀တ်အစားတွေ ၀တ်ဆင်ပေးပြီး ယင်းတို့ ၂ ကောင်ကို လက်ထပ်ပေးပြီးနောက် သူတို့ ရဲ့ လက်ထပ်မင်္ဂလာပီတီတွေ ထုံမွမ်းနေတဲ့ ဘ၀လေးကို ပျော်ရွှင်ကြည်နူး ခံစားရစေဖို့ ဘေးမဲ့လွှတ်ပေးခဲ့ပါတယ်။

အဲ့ဒီ့နောက် ဧည့်ပရိသတ်ရာပေါင်းများစွာက အတူတကွထိုင်ကာ ညစာများကို သုံးဆောင်ခဲ့ကြပါတယ်။ ထမင်းပန်ကန်ပေါင်း ၉၀၀ ကျော် တည်ခင်းကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။
ဒီထူးခြားတဲ့ အခမ်းအနားကို အိန္ဒိယနိုင်ငံ Assam ပြည်နယ်ရှိ Dibrugarh ဆိုတဲ့ ရွာလေးမှာ ကျင်းပခဲ့တာပါ။
More than a thousand guests watched the frog wedding
သူတို့ က ဒီလို ကုန်းနေရေနေ သတ္တ၀ါတွေကို လက်ထပ်အခမ်းအနားကျင်းပပေးခြင်းအားဖြင့် မိုးခေါင်နေတဲ့ကာလအတွင်း မိုးကိုခေါ်ဆောင်လာပေးလိမ့်မယ်လို့  ယုံကြည်ကြပါတယ်။
ယင်းရွာလေးရဲ့ခေါင်းဆောင်များထဲက တစ်ဦးဖြစ်သူ Ranjan Das က “ ခုချိန်ထိတော့ ဒီဒေသမှာ မိုးသိပ် မရွာသေးဘူး။ဒါကြောင့်မို့ မိုးနတ်မင်းတွေကို စိတ်ကျေနပ်အောင် ဒီလိုမျိုး ဖား၂ကောင်လက်ထပ်ပွဲကို စီစဉ်လိုက်ရတာပါ” လို့  ဆိုပါတယ်။
ဒီအခမ်းအနားကို မတူတဲ့ ရွာ၂ ရွာကနေ ဖားထီးတစ်ကောင်နဲ့  ဖားမတစ်ကောင်ကို ဖမ်းပြီးတော့ စတင်ရတာပါ။
မစ္စတာ Ranjan Das ရဲ့ အဆိုအရ မတူညီတဲ့ နေရာ၂ နေရာကနေ ဖားနှစ်ကောင်ကို ယူဆောင်လာမှသာ မိုးနတ်မင်းတွေက သူတို့ ရဲ့  တောင်းပန်မှုကို လက်ခံတယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့ မှာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားကို ရွာလေးရွာ တစ်ဝိုက်က လူများ တက်ရောက်ခဲ့ကြပါတယ်။
ယင်းခမ်းအနားကို တက်ရောက်ခဲ့သူတစ်ဦးဖြစ်တဲ့ Paromita Gogoi က “ လက်ထက်အခမ်းအနားကို ကြီးမှူးကျင်းပပေးခဲ့တဲ့ သူတော်စင်တွေက မိရိုးဖလာ ဂါထာတွေ ရွတ်ဖတ် ပေးခဲ့ကြပါတယ်။ ကြည်နူးစရာကောင်းတဲ့ ပွဲလေးပါ” လို့  ဆိုပါတယ်။
One of the frogs who got married
ထင်ရသလောက်ကတော့ ရွာသားတွေ ရွတ်ဖတ်ခဲ့တဲ့ ဂါထာတွေက အစွမ်းပြနေသလိုပါပဲ။ ဖားလက်ထပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီးနောင်ပိုင်း Dibrugarh ဒေသတလျှောက်မှာ မိုးရွာသွန်းလျက်ရှိနေလို့ ပါ။
“ ကျွန်မတို့  ဒီဖားကလေးတွေကို လွှတ်ပေးလိုက်ရင် သူတို့ ဘ၀ကို သူတို့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီး ကျွန်မတို့ ပြောချင်တဲ့ သတင်းစကားကို သူတို့ က မိုးနတ်မင်းတွေဆီကို အရောက်ပို့ ပေးနိုင်တယ်လေ။ ဒီအခမ်းအနားကို ဂဠန်စားချက်အနေနဲ့  ကြံရာမရတဲ့အဆုံး ကျင်းပခဲ့ရတာပါ။ နတ်ဘုရားရဲ့ ကျေးဇူးတော်ကြောင့်ပဲ ကျွန်မတို့  စိတ်ကူးတွေ အကောင်အထည်ပေါ်လာခဲ့ပါတယ် “ လို့ သူမက ဆက်ပြောပါတယ်။
ဒါပေမယ့် ကြောက်စရာကောင်းတဲ့အချက်က ဒီလက်ထပ်အခမ်းအနားမှာ ကြိုးနဲ့ ချည်ပူးထားတဲ့ ဖားနှစ်ကောင်ထဲက တစ်ကောင်ကောင်က အုံး၈ွမ်လို့ မအော်မချင်း ဘယ်လောက်ကြာကြာ ကြိုးမဖြေပေးဘူးဆိုတာပါပဲ။
Ref:express.co.uk
Trend

No comments:

Post a Comment