Thursday, August 21, 2014

ခန္ဓာကိုယ်ပေါ် အပေါက်အများဆုံး ရှိသူအဖြစ်မှတ်တမ်းဝင်တဲ့ Mr. Buchholz

နှဖူးမှာ ချိုတွေ၊ မျက်နှာပြင်တစ်ခုတည်းမှာတင် အပေါက် ၁၀၀ ကျော်ရှိတဲ့ Rolf Buchholz က သူ့ နိုက်ကလပ်မသွားတော့ဖို့ တိုက်တွန်းခံခဲ့တယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းကိုယ်စားလှယ်တွေက အစမှာတော့ သူ့ရဲ့ နိုင်ငံကူး လက်မှတ်မှာ တံဆိပ်နှိပ်ပေးလိုက်ပြီး သွားခွင့်ပြုလိုက်တယ်ပါ။ ဒါပေမဲ့ Customs ဂိတ်ပေါက်ကနေ ထွက်မသွားခင်
သူ့ကို ပြန်ရပ်ခိုင်းလိုက်တယ်လို့ သူက Associated Press ကို ပြောပြခဲ့ပါတယ်။
သူကို ဝင်ခွင့်ပေးဖို့ ငြင်းပယ်လိုက်တာဟာ လုံခြုံရေးအကြောင်းပြချက်ကြောင့်ဖြစ်တယ်လို့ လေဆိပ်လုံခြုံရေးအာဏာပိုင်တွေကပြောဆိုခဲ့ပေမဲ့ အသက် (၅၅)နှစ်ရှိတဲ့ ဒီတက်တူးနဲ့ပုဂ္ဂိုလ်ဟာ မျက်လှည့်ပညာ တတ်ကျွမ်းသူ တစ်ယောက်ဖြစ်နိုင်တယ်ဆိုပြီး သူ့ကို အရာရှိတွေက စိတ်ဝင်စားစောင့်ကြည့်ခဲ့တာပါတဲ့။
သူ့ခန္ဓာကိုယ်ပေါ်က အနုပညာလက်ရာတွေနဲ့ တမင်သက်သက် ပြုလုပ်ဖန်တီးထားတဲ့ချိုတွေ အပါအဝင် Mr. Buchholz မှာ မှတ်တမ်းအရဆိုရင်တော့ အပေါက် ၄၅၃ ပေါက်ရှိပါတယ်။ အများစုဟာ သူ့ရဲ့မျက်နှာပေါ်နဲ့ လိင်အင်္ဂါပေါ်မှာဖြစ်ပါတယ်လို့ Guinness စံချိန်မှတ်တမ်းအရ သိရပါတယ်။
လေဆိပ်နဲ့ ရွှေ့ပြောင်းရေးအရာရှိတွေက ရဲတွေကို မေးမြန်းရာမှာ ထင်မြင်ချက်ဘာတစ်ခုမှ ပြန်မပေးနိုင်ခဲ့ပါဘူး။
Germany နိုင်ငံ Dortmund က IT နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Mr. Buchholz ဟာ သောကြာနေ့မှာ Dubai Fairmont Hotel က Cirque le Soir နိုက်ကလပ်ကို တက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
Source: sky

No comments:

Post a Comment