Thursday, July 10, 2014

ကမ္ဘာ့အအေးခဲဆုံးနေရာ ရုရှားနိုင်ငံမှ Oymyakon ကျေးရွာ

ကမ္ဘာပေါ်တွင် လူတို့ အခြေတကျ နေထိုင်ကြသည့် နေရာများအနက် ရုရှားနိုင်ငံရှိ Oymyakon
ကျေးရွာလေးမှာ အအေးဆုံး နေရာတစ်ခုဟု ဆိုနိုင်မည်ဖြစ်သည်။ ယခုနှစ် ဆောင်းရာသီ၏ ဇန်နဝါရီလအတွင်းရုရှားနိုင်ငံ ဒေသအချို့တွင် ပျမ်းမျှအပူချိန်မှာ အနုတ် ၅၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းကာ အေးခဲမှုပြင်းထန်ခဲ့သည်။ 

သို့သော် Oymyakon ကျေးရွာလေးတွင်မူ အပူချိန်မှာ အနုတ် ၇၁.၂ ဒီဂရီဆဲလ်စီးယပ်စ်အထိ
ကျဆင်းခဲ့ကာ ကမ္ဘာ့အအေးဆုံး နေရာတစ်ခုဖြစ်လာခဲ့သည်။
ဒေသခံများမှာ အေးခဲလွန်းလှသဖြင့် ၎င်းတို့၏ မော်တော်ကားများ စက်ရပ်လိုက်ပါက
ပြန်နှိုး၍မရတော့မည်စိုးသဖြင့် တစ်နေကုန် စက်နှိုးထားကြသည်။ ထိုနေရာတွင် မိုဘိုင်းဖုန်း ကွန်ရက်ရှိသော်လည်းအေးခဲလွန်းနေမှုကြောင့် မိုဘိုင်းဖုန်းများ အသုံးပြု၍ မရနိုင်ဖြစ်နေသည်။ ကွယ်လွန်သူများအား  မြှုပ်နှံရန် မြေကြီးတွင်းတူးခြင်းကဲ့သို့လုပ်ငန်းတွင်လည်း အေးခဲနေသည့်
 နှင်းထုဖုံးလွှမ်းနေသာ မြေကြီးအား မီးသွေးပူများ အသုံးပြုကာ ဆောင်ရွက်ရသဖြင့် ကျင်းတစ်ကျင်းတူးရာတွင် ၃ ရက်ခန့်အထိ ကြာမြင့်ကြောင်း သိရသည်။


Oymyakon ရွာလေးသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၇၅၀ တွင် တည်ရှိပြီး လူဦးရေ ၅၀၀ ခန့်
နေထိုင်ကြသည်။ ထိုရွာလေး နေရာသည် ၁၉၂၀ ပြည့်နှစ်နှင့် ၁၉၃၀ ပြည့်နှစ်ကတည်းက တည်ရှိခဲ့ပြီး ထိုစဉ်ကသမင်လိုက် မုဆိုးအုပ်စုများ၏ ခရီးတစ်ထောက် ရပ်နားရာနေရာလည်း ဖြစ်သည်။ ၁၉၂၄ ခုနှစ်ကလည်း ယခုကဲ့သို့ပင်အပူချိန် အနုတ် ၇၁.၂ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ဖူးသည့် Oymyakon ကျေးရွာလေးကို အအေးဝင်ရိုး"Pole of Cold" ဟု တင်စားခေါ်ဝေါ်ကြသည်။
 
 
 

*Source*: DailyMail.... ref: planet.com

No comments:

Post a Comment