 အမေရိကန်
 ပြည်ထောင်စု၊ အိုကလာဟိုးမား ပြည်နယ်မှာ နေထိုင်တဲ့ ကီဗင်ဝှစ်တနီဟာ ၂၀၁၃ 
အောက်တိုဘာလမှာ သူကိုင်ဆောင်ထားတဲ့ အိုင်ဖုန်း ပျောက်သွား ခဲ့ပါတယ်။ 
ဒါပေမဲ့ ဒီဖုန်းဟာ အံ့အားသင့်ဖွယ်ကောင်း လောက်အောင် ကိုးလ ကြာပြီးတဲ့နောက် 
ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒီဖုန်းဟာ အမေရိကန် ပြည်ထောင်စု ကနေ ဂျပန်နိုင်ငံ 
အထိ ရောက်သွားပြီး တဲ့နောက် မူလပိုင်ရှင်ဖြစ်တဲ့ ကီဗင်ဝှစ်တနီဆီ 
ပြန်လည်ရောက်ရှိ လာခဲ့ခြင်းဖြစ်ပါတယ်။ ကီဗင်ဝှစ်တနီဟာ စက်ရုံ လုပ်သား 
တစ်ဦး ဖြစ်ပြီး သူ့ရဲ့အိတ်ကပ်ထဲမှာ အိုင်ဖုန်းကို ထည့်ဖို့ ကြိုးစားစဉ် 
အောက်ကိုပြုတ်ကျကာ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပါတယ်။ သူ့အနေနဲ့ 
ဒီဖုန်းကို ပြန်လည်တွေ့ရတော့မယ်လို့ ထင်မှတ်ထားခြင်း မရှိပါဘူး။ ဒါပေမဲ့ 
ပျောက်ဆုံးသွားတဲ့ အိုင်ဖုန်းဟာ ပစ္စည်းတွေကြားထဲ မှာ ရောက်ရှိသွားခဲ့ပါတယ်။
 အဲဒီပစ္စည်းတွေကို ဂျပန်နိုင်ငံကို ပို့ဆောင်မှု ပြုလုပ်ခဲ့ပါတယ်။ 
တစ်နေ့မှာတော့ ကီဗင်ဝှစ်တနီဆီ ဖုန်းဆက်သွယ်မှု ပြုလုပ်လာ ခဲ့ပါတယ်။ အဲဒီ 
ဖုန်းကလည်း ကီဗင်ဝှစ်တနီရဲ့ အိုင်ဖုန်း ဖြစ်နေပါတယ်။ ဒါကြောင့် 
ကီဗင်ဝှစ်တနီဟာ အရမ်းကို အံ့အားသင့်သွားခဲ့ပါတယ်။ ဂျပန် နိုင်ငံမှာ 
ရှိနေတဲ့လူတစ်ဦးက အဲဒီဖုန်းကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ 
ကီဗင်ဝှစ်တနီဟာ ဖုန်းထဲမှာ ဓာတ်ပုံမှတ်တမ်းတွေ ရှိနေတာမို့ 
ပြန်လည်တွေ့ရလို့ ၀မ်းသာမိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ပြန်လည်တွေ့ရလို့ ၀မ်းသာမိကြောင်း ပြောကြားသွားခဲ့ပါတယ်။The Messenger
 
No comments:
Post a Comment