ပုံမှန်အခြေအနေမှာ ကြက်သွန်ဥတစ်လုံးသည် ကြက်ဥတစ်လုံးပမာဏမျှသာ ရှိသော်လည်း ယခုဖော်ပြပေးလိုက်သည့် ကြက်သွန်ဥကြီးမှာ သာမန်ကြက်သွန်ဥများနှင့် မတူဘဲ တစ်မူထူးခြားစွာ အရွယ်အစား ကြီးမားလွန်းလှသည်။ ယင်းမှာ၁၈ပေါင်ကျော်မျှ လေးလံလှသောကြောင့်လည်း ဂင်းနက်စ်မှတ်တမ်းကပင် ကမ္ဘာ့စံချိန်တင်ပေးလိုက်ရသည်။ အင်္ဂလန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားပြည်နယ်မှ စိုက်ပျိုးရေးလုပ်သားကြီး ပီတာကသူ့ဥယျာဉ်မှာ ယင်းကြက်သွန်ဥကြီးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ လုပ်သက် နှစ်၃၀ကျော်အတွင်းမှာ ယင်းသို့စံချိန်တင် ကြက်သွန်ဥမျိုးကိုမတွေ့ဖူးကြောင်း ပီတာကပြောပြသည်။
No comments:
Post a Comment